ရောမမြို့/သို့ ပေါလု/ရွက်လွှင့်ခြင်း
27
ဖေတ္တုမင်း/သည် ကျွန်ုပ်တို့/ကို အီတလီ/သို့ သင်္ဘော/ဖြင့် ပို့/ရန် ဆုံးဖြတ်/ပြီးနောက် ထို/သူတို့/က ပေါလု/နှင့် အခြား/အကျဉ်းသား/တချို့/ကို ဩဂတ်စတပ်/နှင့်/ဆိုင်သော/တပ်/၏/တပ်မှူး၊a ယုလိ/အမည်/ရှိသော/သူ/ထံသို့ လွှဲပြောင်းကြ၏။ 2 ကျွန်ုပ်တို့/သည် အာရှပြည်/ကမ်းရိုးတန်း/တစ်လျှောက်/ရှိ ဆိပ်ကမ်းမြို့များ/သို့/ရွက်လွှင့်တော့မည့် အဒြာမုတ္တိ/သင်္ဘော/ပေါ်သို့/တက်/၍ ရွက်လွှင့်ကြ၏။ သက်သာလောနိတ်မြို့/မှ မာကေဒေါနိပြည်သား၊ အာရိတ္တာခု/သည်လည်း ကျွန်ုပ်တို့/နှင့်အတူ/လိုက်ပါလာ၏။3 နောက်/တစ်နေ့/တွင် ဆီဒုန်မြို့/သို့/ဆိုက်ရောက်ကြ၏။ ယုလိ/သည် ပေါလု/အား ကြင်နာ/စွာ/ဆက်ဆံ/ကာ မိတ်ဆွေများ/ထံ သွား/၍ ပြုစုစောင့်ရှောက်/ခံရန် ခွင့်ပြုလေ၏။ 4 ထို/နေရာ/မှ ကျွန်ုပ်တို့/ရွက်လွှင့်ကြ/သောအခါ လေ/သည်/ဆန့်ကျင်ဘက်/တိုက်/သောကြောင့် ဆိုက်ပရပ်ကျွန်း/၏/လေကွယ်ရာ/ကို/ခို/လျက် ရွက်လွှင့်ကြ၏။ 5 ကျွန်ုပ်တို့/သည် ဆီလီဆီးယားပြည်/နှင့် ပံဖုလိပြည်/၏/ပင်လယ်ပြင်/ကို/ဖြတ်/၍ ရွက်လွှင့်/ပြီးနောက် လုကိပြည်/ရှိ/မုရမြို့/သို့ ရောက်ကြ၏။ 6 ထို/မြို့/တွင် အီတလီ/သို့/ရွက်လွှင့်မည့် အလက်ဇန်းဒါး/သင်္ဘော/တစ်စင်း/ကို တပ်မှူး/သည်/တွေ့ရှိ/သဖြင့် ကျွန်ုပ်တို့/ကို ထို/သင်္ဘော/ပေါ်သို့ တက်စေ၏။
7 ကျွန်ုပ်တို့/သည် ရက်ပေါင်း/များစွာ ဖြည်းဖြည်း/သာ ရွက်လွှင့်ကြပြီး ကနိဒ်မြို့/အနီးသို့ ခက်ခဲ/စွာ ရောက်ရှိကြ၏။ လေ/သည် ဆန့်ကျင်ဘက်/တိုက်ခတ်/သောကြောင့် သာလမုန်/အငူ/နားမှ/ဖြတ်/၍ ကရေတေကျွန်း/၏/လေကွယ်ရာ/ဘက်မှ ရွက်လွှင့်ကြ၏။ 8 ထိုသို့ ကမ်းရိုးတန်း/တစ်လျှောက် ခက်ခဲ/စွာ/ရွက်လွှင့်လာ/ပြီးနောက် လာသဲမြို့/အနီး/ရှိ ဆိပ်ကမ်းသာ/ဟု ခေါ်သော/နေရာ/သို့ ရောက်ကြ၏။ 9 အချိန်များစွာ ကြန့်ကြာသွားသည့်/အလျောက် အစာရှောင်သည့်/နေ့b ကျော်လွန်လာပြီး ပယ်လယ်ခရီး/ထွက်/ရန် မသင့်သည့်/ရာသီဥတု/ဖြစ်သောကြောင့် ပေါလု/က 10 “မိတ်ဆွေတို့… ဤ/ခရီးစဉ်/တွင် ကုန်/နှင့်/သင်္ဘော/သာမက ကျွန်ုပ်တို့/၏/အသက်များ/ပင် ထိခိုက်မှု/နှင့်/ဆုံးရှုံးမှုကြီး ဖြစ်လာ/လိမ့်မည်/ဟု ကျွန်ုပ်/ထင်မြင်မိပါသည်” ဟူ၍ သတိပေး/နှိုးဆော်လေ၏။ 11 သို့သော်လည်း တပ်မှူး/သည် ပေါလု/စကား/ထက် ရေယာဉ်မှူး/နှင့် သင်္ဘော/ပိုင်ရှင်/တို့/၏/စကား/ကိုသာ ယုံကြည်၏။ 12 ထို/ဆိပ်ကမ်း/သည် ဆောင်းခို/ရန်/မသင့်လျော်/သဖြင့် ထို/နေရာ/မှ/ခွာ/ကာ ဖြစ်နိုင်/ပါက ဖိနိတ်မြို့/သို့/ရောက်ရှိ/၍ ဖိနိတ်ဆိပ်ကမ်း/တွင် ဆောင်းခို/နိုင်ရန်/အတွက် လူ/အများစု/က အကြံပြုကြ၏။ ထို/ဆိပ်ကမ်း/သည် ကရေတေကျွန်း/ရှိ/ဆိပ်ကမ်း/ဖြစ်ပြီး အနောက်တောင်/နှင့် အနောက်မြောက်/ဘက်/သို့ မျက်နှာမူ/လျက်/ရှိ၏။
ပင်လယ်ပြင်/တွင် မုန်တိုင်း/ကျရောက်ခြင်း
13 တောင်လေ/သည် ဖြည်းညင်း/စွာ/တိုက်ခတ်လာ/သောအခါ သူတို့/သည် မိမိတို့/အကြံအစည်/အောင်မြင်မည်/ဟု ထင်မှတ်/၍ ကျောက်ဆူး/ကို/နှုတ်/ကာ ကရေတေကျွန်း/၏/ကမ်းခြေ/ကို/ကပ်/လျက် ရွက်လွှင့်ကြ၏။ 14 သို့သော် မကြာမီ/အချိန်/အတွင်း/၌ပင် အရှေ့မြောက်လေ/ဟု ခေါ်သော/ကုန်းတွင်းပိုင်း/မှ လေပြင်းမုန်တိုင်း တိုက်ခတ်လာ၏။ 15 သင်္ဘော/သည် မုန်တိုင်း/မိ/၍ လေ/ကို/မဆန်နိုင်/သောကြောင့် ကျွန်ုပ်တို့/သည်လည်း လက်လျှော့/၍ လေတိုက်ရာ/အတိုင်း/လွင့်ပါသွားကြရ၏။
16 သို့သော် ကျွန်ုပ်တို့/သည် ကောဒc/ဟု ခေါ်သော/ကျွန်းငယ်/၏/လေကွယ်ရာ/ကို/ခို/၍ အသက်ကယ်လှေ/အား ခက်ခဲ/စွာ ထိန်းချုပ်နိုင်ခဲ့၏။ 17 ထို/လှေငယ်/ကို သင်္ဘော/ပေါ်သို့/တင်ပြီး/သောအခါ သင်္ဘော/ကိုယ်ထည်/ခိုင်ခံ့/စေရန် ကြိုး/ဖြင့်/ပတ်ချည်ထားကြ၏။ ဆိတင်/သဲသောင်/တွင် သောင်တင်မည်/ကိုလည်း/စိုးရိမ်/သောကြောင့် သင်္ဘော/ရွက်ထည်/ကို သိမ်း/သဖြင့် လေတိုက်ရာ/သို့ လွင့်ပါကြရ၏။
18 ကျွန်ုပ်တို့/သည် မုန်တိုင်းဒဏ်/ပြင်းထန်/စွာ/ခံရ/သဖြင့် နောက်/တစ်နေ့/တွင် သူတို့/က ကုန်များ/ကို သင်္ဘော/ပေါ်မှ/ပစ်ချကြ၏။ 19 သုံးရက်မြောက်/နေ့/တွင် သူတို့/သည် သင်္ဘော/အသုံးအဆောင်များ/ကို ယူ/၍/ပစ်ချကြပြန်၏။ 20 ကျွန်ုပ်တို့/သည် နေ/နှင့်/ကြယ်များ/ကို ရက်ပေါင်း/များစွာ/မမြင်ကြရပေ။ မုန်တိုင်း/သည် အရှိန်/မလျော့သေး/သဖြင့် ဘေးလွှတ်မည်/ဟူသော မျှော်လင့်ချက်/သည်လည်း မရှိတော့ပေ။
21 ကျွန်ုပ်တို့/သည် အချိန်/ကြာမြင့်/စွာ အစာ/မစားဘဲ/နေကြ/ပြီးနောက် ပေါလု/က သူ/တို့/အလယ်/တွင် ရပ်/လျက် “မိတ်ဆွေတို့… သင်တို့/သည် ကျွန်ုပ်/၏/အကြံပြုချက်/ကို/လက်ခံ/၍ ကရေတေကျွန်း/မှ/ရွက်မလွှင့်/လျှင် ဤ/ပျက်စီးဆုံးရှုံးမှု/နှင့် ကြုံရမည်/မဟုတ်ပါ။ 22 သို့သော်လည်း ယခု အားတင်းကြလော့။ သင်တို့/တွင် မည်သူ/မျှ အသက်/ဆုံးရှုံးမည်/မဟုတ်ပါ။ သင်္ဘော/ကိုသာ ဆုံးရှုံးရ/လိမ့်မည်။ 23 အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်/ကို/ပိုင်/၍ ကျွန်ုပ်/ကိုးကွယ်သော/ဘုရားသခင်/၏/ကောင်းကင်တမန်/သည် မနေ့ည/တွင် ကျွန်ုပ်/၏/အနား/တွင် ရပ်/လျက် 24 ‘ပေါလု… မကြောက်နှင့်။ သင်/သည်/ဆီဇာဘုရင်/ရှေ့မှောက်/သို့ ဝင်ရမည်။ ထို့ပြင် ဘုရားသခင်/သည် သင်/နှင့်အတူ/ရွက်လွှင့်သော/သူ/ရှိသမျှတို့/အား အသက်ဘေး/မှ လွတ်ခွင့်/ကိုလည်း ပေးတော်မူပြီ’ ဟု ဆို၏။ 25 ထို့ကြောင့် မိတ်ဆွေတို့… အားတင်းကြလော့။ ကျွန်ုပ်/အား ကောင်းကင်တမန်/ဖော်ပြသည့်/အတိုင်း မလွဲမသွေ/ဖြစ်/လိမ့်မည်/ဟု ဘုရားသခင်/ကို အမှီပြု/၍ ကျွန်ုပ်/ယုံကြည်ပါ၏။ 26 သို့သော် ကျွန်ုပ်တို့/သည် ကျွန်း/တစ်ကျွန်း/ပေါ်/တွင် သောင်တင်ရ/လိမ့်မည်” ဟု ပြောလေ၏။
သင်္ဘောပျက်ခြင်း
27 ဆယ့်/လေးရက်မြောက်/ညအချိန်/ရောက်/သောအခါ ကျွန်ုပ်တို့/သည် အာဒြိ/ပင်လယ်d/အတွင်း လူးလွန့်မျောပါ/လျက်/ရှိစဉ် သန်းခေါင်ယံ/အချိန်/တွင် ကမ်းခြေ/အနီး/သို့/ရောက်တော့မည်/ဟု သင်္ဘောသားများ/က မှန်းဆကြ၏။ 28 ထို့ကြောင့် ရေ/အနက်/ကို/တိုင်းကြည့်/ရာ ပေ/တစ်ရာ့နှစ်ဆယ်/ရှိကြောင်း တွေ့ရ၏။ ထို့နောက် ရှေ့/သို့ အနည်းငယ် သွား/ပြီးနောက် ထပ်မံ/တိုင်းကြည့်/ရာ ပေ/ကိုးဆယ်/နက်ကြောင်း/တွေ့ရ၏။ 29 ကျောက်ဆောင်များ/နှင့် တိုက်မိမည်/ကို စိုးရိမ်ရ/သောကြောင့် သင်္ဘောသားတို့/သည် သင်္ဘော/ပဲ့/ရှိ/ကျောက်ဆူး/လေးခု/ကို ချပြီး/လျှင် မိုးလင်း/ရန်/သာ ဆုတောင်းကြ၏။
30 သို့သော် သင်္ဘောသားများ/သည် သင်္ဘော/မှ/လွှတ်/ရန်/ကြိုးစား/၍ သင်္ဘော/ဦးပိုင်း/သို့/သွား/ကာ ကျောက်ဆူး/ချမည့်ဟန်/ပြု/လျက် အသက်ကယ်လှေ/ကို ပင်လယ်/ထဲသို့/ချလေ၏။ 31 ထိုအခါ ပေါလု/က တပ်မှူး/နှင့် စစ်သားများ/အား “ဤ/လူတို့/သည် သင်္ဘော/ပေါ်/တွင် မနေ/လျှင် သင်တို့/သည်လည်း ဘေးလွှတ်နိုင်မည်/မဟုတ်ပါ” ဟု ပြောလေ၏။ 32 ထိုအခါ စစ်သားများ/က လှေကြိုး/ကို/ဖြတ်/၍ အသက်ကယ်လှေ/ကို မျှောချလိုက်ကြ၏။
33 မိုးလင်းလုနီး/သောအခါ ပေါလု/က ထို/သူတို့/အားလုံး/ကို အစာ/စား/ရန် တိုက်တွန်း/လျက် “သင်တို့/သည် မည်သည့်/အစာ/ကို/မျှ/မစားဘဲ စိုးရိမ်ကြီး/စွာ ဆက်တိုက်/စောင့်ကြည့်လာသည်/မှာ ယနေ့/ဆယ့်/လေးရက်/ရှိပြီ။ 34 ထို့ကြောင့် အစာ/စား/ရန် သင်တို့/အား ကျွန်ုပ်/တိုက်တွန်းပါ၏။ စား/လျှင် ခွန်အားပြည့်/၍ သင်တို့/အသက်ရှင်နိုင်မည်။ သင်တို့/၏/ဦးခေါင်း/မှ ဆံခြည်/တစ်မျှင်/မျှ ဆုံးရှုံးရမည်/မဟုတ်ပါ” ဟု ဆိုလေ၏။ 35 ထိုသို့/ပြောဆို/ပြီးနောက် သူ/သည်/မုန့်/ကို/ယူ/ကာ လူများ/ရှေ့/တွင် ဘုရားသခင်/၏/ကျေးဇူးတော်/ကို/ချီးမွမ်း/ကာ ဖဲ့/၍/စားလေ၏။ 36 ကျွန်ုပ်တို့/အားလုံး/ကလည်း အားတက်/၍ အစာ/ကို/စားကြလေ၏။ 37 သင်္ဘော/ပေါ်/တွင် လူ/ပေါင်း/နှစ်ရာ/ခုနစ်ဆယ့်/ခြောက်ယောက်/ပါရှိကြ၏။ 38 အစာ/ကို/ဝအောင်/စားသောက်ပြီးကြ/သောအခါ ဂျုံဆန်/ကို ပင်လယ်/ထဲသို့/ပစ်ချ/၍ သင်္ဘော/ကို/ပေါ့စေကြ၏။
39 မိုးလင်း/သောအခါ မည်သည့်/အရပ်ဒေသ/ဖြစ်သည်/ကို မသိ/သော်လည်း ကမ်းခြေ/ပါရှိသော/ပင်လယ်ကွေ့/တစ်ခု/ဖြစ်ကြောင်း သတိထားမိကြ၏။ ထို့ကြောင့် ဖြစ်နိုင်/ပါက သင်္ဘော/ကို ထို/ကမ်းခြေ/သို့/ထိုးစိုက်/ရန် ဆုံးဖြတ်ကြ၏။ 40 ထို့နောက် ကျောက်ဆူးများ/ကို/ဖြတ်/၍ ပင်လယ်/ထဲသို့/ချလိုက်ကြ၏။ တစ်ချိန်တည်း/တွင်ပင် တက်မကြိုးများ/ကို/ဖြေ/လျက် သင်္ဘောရွက်/ကို/တင်ပြီး ကမ်း/သို့/ဦးတည်/ရွက်လွှင့်ကြ၏။ 41 သို့သော် ပင်လယ်ရေကြောင်း/ဆုံရာ/သဲသောင်ပေါ်/သို့ သင်္ဘော/ထိုးစိုက်/သဖြင့် သင်္ဘော/ဦးပိုင်း/သည် သောင်တင်/၍ မလှုပ်နိုင်သည့်/အပြင် ပဲ့/ကိုလည်း လှိုင်းလုံးများ/ရိုက်ခတ်/သောကြောင့် ကျိုးပျက်လေ၏။
42 စစ်သားများ/သည် အကျဉ်းသားများ ကုန်း/သို့ ရေကူး/၍/ထွက်ပြေးမည်/ကို စိုး/သောကြောင့် သတ်/ရန်/ကြံစည်ကြ၏။ 43 သို့သော် တပ်မှူး/သည် ပေါလု/ကို/ကယ်တင်/လို/သဖြင့် သူတို့/၏/အကြံအစည်/ကို/တားမြစ်/၍ ရေကူးနိုင်သော/သူများ/အား သင်္ဘော/ပေါ်မှ ဦးစွာ/ခုန်ဆင်း/၍ ကမ်းခြေ/သို့ ကူးသွား/ရန်/နှင့် 44 ကျန်/လူများ/ကိုမူ ပျဉ်ချပ်များ/နှင့် သင်္ဘော/ပျက်/၏/အပိုင်းအစများ/ဖြင့် ကူးသွား/ရန် ညွှန်ကြားလေ၏။ ဤသို့ဖြင့် ကျွန်ုပ်တို့/အားလုံး/သည် ကုန်း/ပေါ်သို့ ဘေးကင်း/စွာ/ရောက်ရှိကြလေ၏။